Feeling to Art

Covidကာလ အိမ်မှာ ဘာလုပ်လဲ?လို့မေးရင် ဒီလိုပါပဲ😁 Japan Animeပဲကြည့်ပြီး သူတို့ဇာတ်ကောင်တွေပဲဆွဲနေတာကြာတော့ ကျနော်လည်း ကိုယ့်မြန်မာပြည်ဖြစ်လေးကို ကျနော်(Mr.Virus)က photo story ပုံစံလေးတင်ဆက်ထားတယ်ဆိုပါတော့ဗျာ။ ခုတော ့ရပုံ ပဲ ဆွဲရသေးတယ် ဓာတ်ပုံရိုက်ပေးမဲ့သူ မရှိလို့ပါဗျ။ ပြီးတော့ Stay at homeနေရလို့ပါ😁 မူရင်းဇာတ်ကောင်ကို ဖျက်လိုဖျက်စီးစိတ် လုံးဝ(လုံးဝ)မရှိပါဘူးဗျ....။ အားပေးမှုအတွက် တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ကျန်းမာရေးဂရုစိုက်ကြပါဗျ....

ဟာ! ဦးတွတ်...... အိမ်ကို ရွာက ဦးတွတ်ပီတို့ဆရာတပည့် ဒရယ်မိလို့ အသားလာပို့ပေးရင် မရောက်ဖြစ်တာကြာပြီးဖြစ်တာလည်းတစ်ကြောင်း ရောက်လာကြတယ်ပေါ့ ဆိုပါတော့ဗျာ။

မနက်ကနေပြောလာလိုက်တာ ညနေစောင်းတဲ့ထိ ရွာကအကြောင်းနဲ့
ကျနော်တို့အိမ်ကအကြောင်းတို့ပေါ့ဗျာ။ ပြီးတော့ ရွာက စာဥ ကလည်း ကျနော့်ကိုမျှော်နေကြောင်းပေါ့ 😁။

ကျနော် internet သုံးရင် ဟိုကြည့် ဒီကြည့်ချိန်၊ ဦးတွတ်က ငါ့တူဘာတွေ အလုပ်ရှုပ်နေတာတုန်းမေးတာပေါ့ဗျာ။ အဲ့ဒါနဲ့ လာဗျာ ဦးတွတ်ကိုMovieပြပေးမယ်ဆိုပြီးတော့ပေါ့.....

ပြဿနာက အဲ့မှာစတာပဲ။ Movieကြည့်နေရင် လက်က Next နှိပ်လိုက်မိတာ ဟိုဒင်တွေ ပေါ်လာရောဗျာ....။ကျနော်လည်းတခါမှ မမြင်ဖူးသလိုနေလိုက်တယ်....လွယ်တော့မလွယ်ဘူး ဟန်ဆောင်တတ်ရတာပေါ့ အလယ့် 😎။

ဗျာ! ဒီပုံစံကြီးနဲ့ မြို့ထဲကိုလိုက်မယ်..... တူတော်မောင်လူချောလေးကိုလည်း😂 နဲနဲအားနားပါဦး ဦးတွတ်ရယ်...
ကဲ့ဗျာ ကျနော်ပုံစံချိန်းပေးမယ်...

ဒီမှာ ကျနော့်အဝတ်တွေ ဦးတွတ်နဲ့တော်လောက်တယ် ဝတ်ကြည့်...ဒါမှ
K-popအထှာတွေဘာတွေဆို စကီးလေးဒွေ👧 ကြွေသွားလိမ့်မယ်...😍
ဗိုက်ကလေးအတွက်ကတော့ မြို့ထဲရောက်မှပဲဝယ်ပေးခဲ့တော့မယ်...

ဗိုက်ကလေးကို ဖျော်ရည်တိုက်ပြီး အိမ်မှာပဲTVကြည့်နေခဲ့လို့ မှာပြီး။ ကွီးတို့ ယွစကီးထ.လိုက်ဦးမယ်ပေါ့😁။ ----->>ဆက်ရမလား?မဆက်ရဘူးလား?----->>


Comments

Popular posts from this blog

My art video